Template Main JS File

ပုပ္ပါးတောင်ကလပ်တောင်တော်ဆိုင်ရာသမိုင်းသမိုင်းအကျဉ်း

ပုပ္ပါးတောင်ကြီး မည်သည့်အချိန်တွင် စတင်ပေါ်ပေါက်ခဲ့ကြောင်းကို အထောက်အထား ခိုင်ခိုင်မာမာ မတွေ့ရှိရသေးပါ။ မြန်မာမှတ်တမ်းတွင် ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံဝင်တော်မူပြီးနောက် (၁၀၁)နှစ်သို့ရောက်လျှင် ပုပ္ပါးတောင်မြေမှ စုန့်စုန့်ပေါ်လတ္တံ့ ဟု ဗျာဒိတ်တော်ရှိကြောင်း ဆိုကြ၏။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံလွန်ချိန်ကို ဘီစီ(၅၄၅)ခုနှစ် ဖြစ်ကြောင်း ပညာရှင်တို့ မှတ်ယူ ကြသဖြင့် မြန်မာမှတ်တမ်းအရ ပုပ္ပါးတောင်ကြီး ပေါ်ပေါက်လာချိန်မှာ ဘီစီ(၄၄၄)ခုနှစ်တွင် ဖြစ်ပေလိမ့်မည်။ (မှတ်တမ်းတစ်စောင်ကမူ ဘီစီ (၄၄၂) ဟု ဆိုပါသည်။ ဘူမိဗေဒပညာရှိတို့၏ အလိုအရမူ ပုပ္ပါးတောင်ကြီးသည် ရှေးမီးတောင် တောင်ကြီး တစ်ခုသာဖြစ်၏။ အတိတ်ကာလ အကြိမ်ကြိမ်ပေါက်ကွဲခဲ့ဖူးပြီးနောက်ပိုင်း၌ မီးသေတောင်ကြီး ဖြစ်လာခဲ့သည်။ လက်တွေ့တိုင်းသာသုတေသနပြုချက်များအရ သက်နှောင်းကပ် (Cenozonic Era)၏ မိုင်အိုဆင်းယုဂ် (Miocene Period) နှောင်းပိုင်း လွန်ခဲ့သည့်နှစ်ပေါင်း (၁၅)သန်း ခန့်က ပုပ္ပါးမီးတောင်ကြီးမှ စုန့်စုန့်တက် ပေါက်ကွဲနေဆဲဖြစ်ပါသည်။ ထို့နောက် စတုတ္ထကပ် ပလိုင်စတို ဆင်းယုဂ် (Pleistocene Period) လွန်ခဲ့သော နှစ်ပေါင်း (၁)သန်းမှ (၅)သောင်းအတွင်း ကာလ အထိ ပုပ္ပါးတောင်က မီးသေတောင်မဖြစ်သေး။ ပုပ္ပါးမီးတောင်မှ ချော်ရည်၊ ချော်မြှုပ်၊ ချော်ခိုးများ သည် ကြိမ်ဖန်များစွာ မှုတ်လွှတ်အန်ထုတ်လျှက် မြေပြင်သို့ စုန့်စုန့်တက်နေဆဲပင် ဖြစ်ပါသည်။ ပုပ္ပါးတောင်ကြီး မည်သည့်ကာလ၌ မီးသေတောင် ဖြစ်လာခဲ့သည်ကိုမူ မသည့်ရပေ။ ပလိုင်စတို ဆင်းယုဂ်ကို တစ်စစ လွန်မြောက်လာပြီးနောက် ကျောက်ချောခေတ် (Neolithic Age) အစ လွန်ခဲ့သော နှစ်ပေါင်း(၇)သောင်းခန့်တွင် ပုပ္ပါးတောင်ကြီး မီးသေတောင်ဖြစ်လျှက်ရှိပြီးဟု မှန်းဆရပါသည်။ ထိုစဉ်ကာလအတွင်း ကျောက်ခေတ်လူသားများ ပုပ္ပါးဒေသတစ်ဝိုက်တွင် နေထိုင်ခဲ့ကြပြီး ကျောက်ခေတ်သစ်ဓလေ့ ထွန်းကားပေါ်ပေါက်လျှက်ရှိပြီးဖြစ်ကြောင်း အမေရိကန် ပညာရှင်(Hellmut De Terra)နှင့် (Hellam Movius)တို့က ဆိုပါသည်။ ပုပ္ပါးဒေသ၊ ဆည်ပေါက်ရွာ ဝန်းကျင်တွင် ကျောက်ခေတ်လူသားများ နေထိုင်သွားခဲ့ကြသည့် အထောက်အထားများကို တွေ့ရှိရ၏ ထို့ပြင် ယင်းဒေသဆိုင် ချောင်းရိုးမှလည်း ချောမွေ့သေသပ်စွာ ပြုလုပ်ထားသည့် ကျောက်ပုဆိန်၊ အိုးခြမ်းပဲ့နှင့် ကျောက်ခြစ်များကို ရရှိခဲ့သည်ဆို၏။

ပုပ္ပါးတောင်ကလပ်တောင်တော်ဆိုင်ရာသမိုင်း

မန္တလေးတိုင်းဒေသကြီး

ညောင်ဦးခရိုင်

ကျောက်ပန်းတောင်းမြို့နယ်၊

၀၉-၄၄၄၀၀၈၅၃၃

အကြံပြုစာပေးပို့ရန်