Pagoda Digital Directory
မူလစာမျက်နှာ
အကြောင်းအရာများရွေးချယ်ရန်
သမိုင်းကြောင်းများ
ဖူးမြော်လေ့လာနိုင်သောနေရာများ
သာသနာထွန်းကားမှု
ဒေသနာတော်များ
ခေတ်အဆက်ဆက်ပြုပြင်မွမ်းမံထိန်းသိမ်းမှုများ
သမိုင်းဝင်ဖြစ်ရပ်များ
အထွေထွေ
ရတု
ပွဲတော်များ
ဓါတ်ပုံ
ဗီဒီယို
မြေပုံ
သတင်းအချက်အလက်များ
Get Started
Template Main JS File
Previous
Next
လေးကျွန်းစင်္ကြာပြည်တော်ဝင်အောင်မင်းခေါင်စေတီသမိုင်းအကျဉ်း
(ရည်ညွှန်းစာ : လေးကျွန်းစင်္ကြာပြည်တော်ဝင်အောင်မင်းခေါင်စေတီ ဂေါပကအဖွဲ့မှ ပေးပို့ထားသော မှတ်တမ်းမှ ကူးယူဖော်ပြထားပါသည်။) လေးကျွန်းစင်္ကြာ ပြည်တော်ဝင် အောင်မင်းခေါင် စေတီတော်မြတ်ကြီးသည် ရန်ကုန် - ပြည် လမ်းမကြီးဘေး သရက်တောရပ်ကွက်တွင် တည်ရှိပါသည်။ အကျယ်အဝန်းအားဖြင့် (၀.၃၉၈)ဧက ရှိပါသည်။ စေတီတော်မြတ်ကြီး၏ မြောက်ဘက်တွင် တန်(၅၀)ဆန်စက်နှင့် ရှေ့မျက်နှာစာတွင် ရွှေပြည်အေးဆန်စက် ရှိပါသည်။ စေတီတော်မြတ်ကြီးကို ၁၃၁၀ ပြည့်နှစ် ၊ တပေါင်းလပြည့်နေ့တွင် ဉာဏ်တော်ကိုးတောင် ပြည့်စေတီအဖြစ် တည်ထားခဲ့ခြင်း ဖြစ်ပါသည်။ ယခုအခါ စေတီတော်သက်တမ်းအားဖြင့် (၇၆)နှစ် ကျော်လာပြီဖြစ်၍ အနယ်နယ်အရပ်ရပ်မှ ဘိုးတော်အောင်မင်းခေါင်း၏ တပည့်သားသမီးမြေးမြစ် တီတွတ်မှစ၍ စေတီတော်မြတ်ကြီး အဓွန့်ရှည် တည်တန့်စေရေးတွက် အလှူငွေများ ထည့်ဝင် လှူဒါန်း ပူဇော်ခဲ့ကြသဖြင့် ယနေ့အချိန်အခါတွင် ဉာဏ်တော် (၂၇) တောင် အထိ မြင့်မားလာခဲ့ခြင်း ဖြစ်ပါသည်။ မူလစေတီတော်ကြီးအား ရွှေတောင်မြို့သားများဖြစ်သည့် ဦးထွန်းတင်၊ဦးလှရှိန်၊ဦးမြင့်ဆွေ၊ ဦးမောင်လှိုင်၊ ဦးအောင်ညွန့်နှင့် ဦးစိန်ခို ၊ ပေါင်း(၆)ဦးက ဦးစီးကမကထပြု တည်ထားခဲ့ခြင်း ဖြစ်ပါ သည်။ ဘုရားတည်စဉ် ထူးခြားဆန်းကြယ်သော ဖြစ်ရပ်များမှာ တပေါင်းလ နေအပူရှိန်သည်ပူပြင်း သော်လည်း ဘုရားတည်သည့် နေရာတွင် ပူပြင်းခြင်းမရှိဘဲ အအေးဓါတ်များ ဆောင်နေကြောင်း လူတိုင်း သတိထားမိခြင်း ဖြစ်ပါသည်။ ထိုကိုးတောင်ပြည့်စေတီ တည်ပြီးသည့်နောက် ထိုခေတ်ထိုအခါက ခေတ်စားခဲ့သော နွား လှည်းပြိုင်ပွဲများ ၊ စတုဒီသာ ကျွေးမွေးလှူဒါန်းခြင်းများ ၊ နိဗ္ဗာန်ဈေးများ ခင်းကျင်း ရောင်းချခြင်း အပြင် ဦးအောင်မောင်းကြီးဇာတ်ဖြင့် သုံးညတိုင်တိုင် ကပြဖျော်ဖြေခဲ့ကြောင်း သိရှိရပါသည်။
လေးကျွန်းစင်္ကြာပြည်တော်ဝင်အောင်မင်းခေါင်စေတီ
ပဲခူးတိုင်းဒေသကြီး
ပြည်
ပြည်
၀၉-၄၅၅၅၈၂၈၉၅
အကြံပြုစာပေးပို့ရန်
ပေးပို့မည်