Pagoda Digital Directory
မူလစာမျက်နှာ
အကြောင်းအရာများရွေးချယ်ရန်
သမိုင်းကြောင်းများ
ဖူးမြော်လေ့လာနိုင်သောနေရာများ
သာသနာထွန်းကားမှု
ဒေသနာတော်များ
ခေတ်အဆက်ဆက်ပြုပြင်မွမ်းမံထိန်းသိမ်းမှုများ
သမိုင်းဝင်ဖြစ်ရပ်များ
အထွေထွေ
ရတု
ပွဲတော်များ
ဓါတ်ပုံ
ဗီဒီယို
မြေပုံ
သတင်းအချက်အလက်များ
Get Started
Template Main JS File
Previous
Next
သာရမဥ္ဇူသာမိုးကောင်းစေတီတော်သမိုင်းအကျဉ်း
(ရည်ညွှန်းစာ။ သာရမဥ္ဇူသာမိုးကောင်းစေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့မှ ပေးပို့ထားသော မှတ်တမ်းမှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။) သဲကုန်းမြို့ဟောင်းဒေသသည် ဗုဒ္ဓသာသနာအစောဆုံးရောက်ရှိပြီး စာပေယဉ်ကျေးမှုအဆင့်အတန်း လည်း မြင့်မားနေကြောင်းလည်း သိရပါသည်။ သာရမဉ္ဇူသာမိုးကောင်းစေတီသည်လည်း ရှေးဟောင်းစေတီ တစ်ဆူဖြစ်ပါသည်။ ရှေးအစဉ်အဆက်သမိုင်းကြောင်းအရ ပျုခေတ်ကစေတီ(၃)ဆူတည်ထားခဲ့ရာ ကျောင်း ကုန်းရွာထိပ်စေတီကိုမဉ္ဇူဟုခေါ်ပြီး ထန်းရင်းရွာရှိစေတီငယ်ကို သာရဟုခေါ်ကာ မိုးကောင်းကျောင်း တိုက် နားရှိ စေတီကို မိုးကောင်းစေတီဟု ခေါ်ဆိုကြောင်းသိရပါသည်။ မိုးကောင်းစေတီကို နှစ်ကာလ ကြာအောင်ပင် ပြုပြင်မွမ်းမံသူမရှိဘဲ ချုံနွယ်ပိတ်ပေါင်းတို့ကြားတွင် ရှိနေသောစေတီပျက်ငယ်ကို လူအမည်ဦးရွေလုံး(ခေါ်) ဘုန်းကြီးတစ်ပါဦးဆောင်ကာ ဒါယကာ/ဒါယိကာမများ အင်အားဖြင့် ဉာဏ်တော် အတောင်(၂၀)ထိအောင် ပြုပြင်တည်ထားကိုးကွယ်ခဲ့ပါသည်။ ၁၂၄၈-ခုနှစ်တွင် သဲကုန်းမြို့ကို မြန်မာသက္ကရာဇ် ၁၂၃၉-ခု၊ ခရစ်သက္ကရာဇ် ၁၈၇၉-ခု မြို့သစ်စတည် ထောင်ခဲ့ပြီး မြို့ပိုင် ဦးကြည် အုပ်ချုပ်ခဲ့ပါသည်။ မြို့ပိုင်ဦးကြည်ဦးဆောင်ကာ အများပြည်သူတို့စုပေါင်း ကောင်းမှုဖြင့် ဉာဏ်တော်အမြင့်(၅၈)တောင် (၄)သစ်လုံးပတ်တော်(၃၈)တောင်(၈)သစ်အောက်ခြေပတ်လည် (၁၀၆)တောင် (၅)မိုက်ရှိသောစေတီကြီး ပြုပြုင်မွမ်းမံကာ ကုန်းတော်ရင်ပြင်တော်ကိုလည်း ချဲ့ထွင် ဆောင်ရွက်ခဲ့ပါသည်။ သာရမဉ္ဇူသာမိုးကောင်းစေတီတော်ဟု ခေါ်တွင်ခဲ့ပါသည်။
သာရမဥ္ဇူသာမိုးကောင်းစေတီတော်
ပဲခူးတိုင်းဒေသကြီး
နတ်တလင်းခရိုင်
သဲကုန်းမြို့နယ်
09-250114739
အကြံပြုစာပေးပို့ရန်
ပေးပို့မည်