Template Main JS File
ရှင်တောက်ထိန် ဘုရားသမိုင်းအကျဉ်း
ရှင်တောက်ထိန်ဘုရားသည် ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်၊ ကမြောကင်းကျေးရွာတွင် တည်ရှိပါသည်။ ထားဝယ်မြို့ရွှေတောင်စားစေတီတော်ဘုရားပြီးနှင့် (၃) မိုင်လောက်ရှိပါသည်။
ယခုလက်ရှိ ရှင်တောက်ထိန်ဘုရားသည်စေတီဖြစ်သော်လည်း စင်စစ်အားဖြင့် ထိုစေတီတော် အရှေ့ဘက်အသိမ်အတွင်း တစ်ဝဂူရှိ ရုပ်ပွားတော်သည်သာ ရှင်တောက်ထိန် ဘုရားဖြစ်သည်။
ရှင်တောက်ထိန်သည်ကမြောကင်းရွာ ဘုရားဖြစ်သည့်အာ:လျော်စွာ သီတင်းကျွတ် လပြည့်နေ့တွင် ဆွမ်းတော်ကြီးတင်ပွဲ ကျင်းပလေ့ရှိပြီး တစ်အိမ်လျှင် ဆွမ်းဟင်းတစ်မျိုးစတစ်ဖြင့် သိမ်တော်ကြီး အတွင်း သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းလေ့ရှိပါသည်။
ရှင်တောက်ထိန်ဘုရားကို " ဓါတ်ဘုရား " ဟုခေါ်ပါသည်။ စတင်တွေ့ရှိချိန်မှစ၍ ရုပ်ပွားတော် သည် ရုပ်ရှင်တော်ဖြစ်သဖြင့် တဖြည်းဖြည်းကြီး လာသည်ဟု ဆိုပါသည်။ ယခင်အခါများက ရုပ်ပွားတော်အားသက်န်ဆက်ကပ်ရာတွင် ရုပ်ပွားတော်၏ကျောဘက်ကို ပတ်မိအောင် ကြိုးစချည် နှောင်ခဲ့သော်လည်း၊ ယခုအခါ ရုပ်ပွားတော်စပ်နောက်ကျောသည် သိမ်နံရံနှင့် ထိလာသဖြင့် ကြိုးကို ပတ်မိအောင် မချည်းနိုင်တော့ဟု ဆိုပါသည်။ ဤအချက်ကို ထောက်ဆ၍ရုပ်ပွားတော် တဖြည်း ဖြည်း ကြီးထွားလာကြောင်း သိသာနိုင်သည်ဟု ဆိုပါသည်။ အဓိဌာန်ဝင်သူများ၏ ပြောပြချက်အရ ရုပ်ပွားတော်သည် မျက်တောင်ခတ်ခြင်း၊ ပြုံးတော်မူခြင်း စသည့် တန်ခိုးပြာဋိဟာတော် ပြတော် မူတတ်သည်ဟုလည်း သိရပါသည်။ ရှင်ကိုးရှင်တွင် အဓိဌာန်ဝင်ပြီး အဆုံးတွင် တစ်ဖန် ရှင်တောက်ထိန် နှင့် ပြန်၍အဆုံးသတ်ရသည် ဟုသိရပါသည်။ စေတီတော်ကို ဝိဇ္ဇာများ မကြာခဏ လာ၍ဖူးမြော်သည်ကိုလည်း အသက်အရွယ်ကြီးသော ဥပါသကားများက တွေ့ကြရလေသည်။ "တောက်ထိန်" ဟူသောအမည်သည် စနေနံနှစ်ထပ် ဖြစ်သောကြောင့် စနေနံနှစ်လုံးဆင့် အမည်ရှိသူများအား အဓိဌာန်စခန်း လာရောက်ဝင်နေသည် ဟုလည်းဒေသခံများက ဆိုပါသည်။ ရှင်တောက်ထိန်ဘုရားသည် ရှင်ကိုးရှင်အစဉ်အတိုင်းတွင် နံပါတ်ငါးနေရာတွင်တည်ရှိပါသည်။
ရှင်တောက်ထိန် ဘုရား
တနင်္သာရီတိုင်းဒေသကြီး
ထားဝယ်
ထားဝယ်
09-980050497