Pagoda Digital Directory
မူလစာမျက်နှာ
အကြောင်းအရာများရွေးချယ်ရန်
သမိုင်းကြောင်းများ
ဖူးမြော်လေ့လာနိုင်သောနေရာများ
သာသနာထွန်းကားမှု
ဒေသနာတော်များ
ခေတ်အဆက်ဆက်ပြုပြင်မွမ်းမံထိန်းသိမ်းမှုများ
သမိုင်းဝင်ဖြစ်ရပ်များ
အထွေထွေ
ရတု
ပွဲတော်များ
ဓါတ်ပုံ
ဗီဒီယို
မြေပုံ
သတင်းအချက်အလက်များ
Get Started
Template Main JS File
Previous
Next
ဗုဒ္ဓမြတ်စွယ်တော်(ပေါင်းတည်)သမိုင်းအကျဉ်း
(ရည်ညွှန်းစာ : ပေါင်းတည်ဗုဒ္ဓမြတ်စွယ်တော်ဂေါပကအဖွဲ့မှ ပေးပို့သောမှတ်တမ်းမှ ကူးယူဖော်ပြထားပါသည်။) ပေါင်းတည်မြို့၊ ဗုဒ္ဓမြတ်စွယ်တော်သည်၊ ရန်ကုန်-ပြည်ကားလမ်း၊ မီးရထားလမ်းများ ဖြတ်သန်းသွာရာ ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့၌ တည်နေကိန်းဝပ်တော်မူသည်။ ဗုဒ္ဓမြတ်စွယ်တော်ရတနာအား မြန်မာသက္ကရာဇ် ၁၂၅၉-ခုနှစ် (ခရစ်နှစ် - ၁၈၉၇ခုနှစ်) တွင် ပေါင်းတည်မြို့၊ တိုက်သူကြီးမင်း ဦးဖိုးမြ+ ဇနီးဒေါ်နုတို့ မှ ပေါင်းတည်မြို့၊ ရွှေကျောင်းကြီးတိုက်၊ ပထမပဓါနနာယက ဆရာတော်ဘုရားကြီး ဦးဝီမလ၏ တိုက်တွန်းစီမံ၍ ဩဝါဒအရ သီဟိုဠ်ကျွန်း(ယခုသီရိလင်္ကာနိုင်ငံ) ကန္ဒီမြို့မှပေါင်းတည်မြို့သို့ ပင်ဆောင်ပူဇော်ခဲ့ခြင်းဖြစ်ပါသည်။ တိုက်သူကြီးမင်း+ဒေါ်နုတို့နှင့် မိသင်္ဂဟတစုတို့သည် သီရိလင်္ကာနိုင်ငံသို့ ဘုရားဖူးသွားရောက်ခဲ့ရာမှ ဂေါတမမြတ်စွာဘုရား၏ လက်ဝဲအောက်စွယ်တော်မြတ်ရတနာအား ဖူးမြှော်ကြည်ညိုပြီး ဖူးမြှော်ပူဇော်၍မဝ အထပ်ထပ်ဖူးမြှော်ခဲ့ကြရာမှ မိမိတို့အရပ်ဒေသတွင်လည်း ဤကဲ့သို့သော စွယ်တော်မြတ်ရတနာပေါ်ထွန်းပါက အများပြည်သူဝေနေယျာလည်း ဖူးမြှော်ပူဇော်၍ ကုသိုလ်ရ၊ မိမိတို့လည်းအမြဲပူဇော်ဖူးမြှော်နိုင်မည့် အရေးတွေးဆပြီး ဂေါတမမြတ်စွာဘုရား၏ လက်ဝဲအောက်ဓာတ်စွယ်တော်မြတ်နှင့် ဉာဏ်တော်၊ လုံးပတ်တော်၊ အရွယ်တော် တစ်သွေမတိမ်းတူညီတော်မူသော စွယ်စုံမင်္ဂလာဆင်တော်၏ လက်ဝဲဘက်စွယ်တော်၏ အကာမပါ အနှစ်သက်သက်ဖြင့် ပုံတော်တူသွင်းထုစေလျှက် သီဟိုဠ်စွယ်တော်စောင့်အမတ်ကြီးတို့ထံ ခွင့်ပန်၍ ဗုဒ္ဓမြတ်စွာ၏ လက်ဝဲအောင်ဓာတ်စွယ်တော်မြတ်နှင့် တစ်ဆယ့်ငါးရက်(၁၅)ရက် တိုင်တိုင် ရတနာကြုတ်တော်အတွင်း နှစ်ဆူတည်းထည့်သွင်းကာ စံမ္ပါယ်တော်မူခဲ့ပါသည်။ (၁၅)ရက်ပြည့်သောအခါ ဦးဖိုးမြ+ဒေါ်နုတို့မှ ဗုဒ္ဓမြတ်စွယ်တော်ရတနာအား ဝပ်တွားခယရှိခိုး တောင်းပန်လျှက် မြန်မာပြည်သို့ ထိုခေတ်ထိုအခါက မီးသင်္ဘောဖြင့် ပင့်ဆောင်ခဲ့ကြပြီး ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပါသည်။ ရန်ကုန်မြို့မှတစ်ဆင့် အထူးမွမ်းမံအပ်သော အထူးမီးရထားဖြင့် ပင့်ဆောင်ခဲ့ရာ ပေါင်းတည်မြို့သို့ မြန်မာသက္ကရာဇ် ၁၂၅၉-ခုနှစ်၊ တော်သလင်းလဆန်း(၁၃)ရက်နေ့ (ခရစ်နှစ်-၁၈၉၇-ခုနှစ်၊ စက်တင်ဘာလ- ၈) ရက်နေ့၊ နေ့လည်(၂:၀၀)နာရီအချိန်တွင် ပေါင်းတည်မြို့သို့ ကြွရောက်တော်မူသည်။ ထိုရောက်ရှိချိန်၌ ရတနာပြဿဒ်တော်အား ဆင်ရတနာနှင့်တင်၍ မြတ်စွယ်တော်အား ပင့်ဆောင်ပူဇော် ခဲ့ကြပါသည်။ အတီး၊ အမှုတ်၊ အကအခုန်တို့ဖြင့် မြို့ပေါ်လှည့်လည်ခဲ့ကြရာမှ နောက်ပိုင်းနှစ်များတွင်လည်း မြန်မာသက္ကရာဇ်နှင့် တွက်စစ်၍ တော်သလင်းလဆန်း(၁၃)ရက်နေ့ရောက်တိုင်း မြို့ပေါ်သို့ ဆင်တော်ရတနာများ နှင့်ပင့်ဆောင်ကာ ဗုဒ္ဓပူဇနိယပူဇော်ပွဲတော်ကြီးများကို ပွဲတော်ရက်(၄)ရက်ဖြင့်နစ်စဉ်ပြုလုပ်ခဲ့ကြပါသည်။
ဗုဒ္ဓမြတ်စွယ်တော်(ပေါင်းတည်)
ပဲခူးတိုင်းဒေသကြီး
နတ်တလင်းခရိုင်
ပေါင်းတည်မြို့
09-698862699
အကြံပြုစာပေးပို့ရန်
ပေးပို့မည်