Template Main JS File
မြစေတီဘုရားကြီးသမိုင်းအကျဉ်း
မြစေတီဘုရားကြီးသည် ရာဇကုမာရ်မင်းသားက ဖခမည်းတော်ဖြစ်သော ကျန်စစ်သားမင်းကြီး၏ မွေးကျေးဇူးကိုဆပ်သည့်အနေဖြင့် ဘုရားကြီးကိုတည်ခဲ့ပါသည်။ မြစေတီဘုရားကြီးကို သာသနာနှစ် ၁၆၂၈၊ မြန်မာသက္ကရာဇ် ၄၄၆ ခု၊ ခရစ်နှစ် ၁၀၈၄ ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့ပါသည်။ ကျန်စစ်သားမင်းကြီးသည် မြေးတော်ဖြစ်သော အလောင်းစည်သူမင်းအား ထီးနန်းလွဲအပ်ပြီးဖြစ်၍ သားတော်ရာဇကုမာရ်မင်းသားကို ရွာ(၃)ရွာ (သမုနလွန်၊ ရပါယ်၊ ဟန်ဗို)အပိုင်စားပေးလိုက်သည်။ ဖခင်ကျန်စစ်သားမင်း၏ဆုံးဖြတ်ချက်ကို ပုန်ကန်ခြင်းမရှိသည့်အပြင် ဖခင်နာမကျန်းဖြစ်နေချိန်တွင် ရွှေဆင်းတု (၁)ဆူနှင့်အပိုင်စား ပေးခဲ့သည့်ရွာ (၃) ရွာကို ဖခင်အတွက်ရည်စူးကာ ရေစက်ချပြီးလှူဒါန်းခဲ့ပါသည်။ နမရ-အမရ၊ အမရဿစေတီ-မြစေတီဝိဂ္ဂဟ။ မရ-သေခြင်းသည်၊ န-မဖြစ်၊ အမရ-သေခြင်းမဖြစ် သောစေတီတော်သတည်း။ သေခြင်းမဖြစ်သောစေတီ (သို့) သေခြင်းဘေးမှ ကယ်မတော်မူသော ဘုရားဟု ဘွဲ့အမည်တွင်ခဲ့ပါသည်။
မြစေတီဘုရားကြီး
မန္တလေးတိုင်းဒေသကြီး
ညောင်ဦးခရိုင်
ညောင်ဦးမြို့နယ်
၀၉-၂၅၉၀၅၁၅၁၅