Template Main JS File

ရွှေဆံတော်စေတီတော်သမိုင်းအကျဉ်း

ရွှေဆံတော်စေတီ (ဘုရားအမှတ်-၁၅၆၈)ကို အေဒီ(၁၀၅၇)တွင် အ‌နော်ရထာမင်းကြီး တည်ထားကိုးကွယ်ခဲ့ပါသည်။ ဥဿာပဲခူးမင်းသည် ပုဂံအနော်ရထာမင်း၏ စစ်ကူကြောင့် ကျွမ်းစစ်သည်များကို အောင်နိုင်ခဲ့သည်။ ဥဿာပဲခူးမင်းသည် အနော်ရထာမင်းကို ကျေးဇူးတုံ့ ပြန်သည့်အနေဖြင့် မွန်မင်းအဆက်ဆက်ကိုးကွယ်ခဲ့သည့် ဗုဒ္ဓဆံတော်တစ်ဆူနှင့်သမီးတော် မဏိစန္ဒာကို ဆက်သခဲ့သည်။ အနော်ရထာမင်းသည် ဗုဒ္ဓဆံတော်ကို စလေသို့ ကိုယ်တိုင် ဆင်း၍ ပင့်ဆောင်ခဲ့သည်။အနော်ရထာမင်းလည်း မွန်မင်းတို့နည်းတူ နန်းဦးတွင်ထား၍ ကိုးကွယ်သည်။ ရှင်အရဟံမထေရ်က သတ္တဝါအများကိုးကွယ်နိုင်မှ အကျိုးပွားအံ့ဟုဆိုသဖြင့် အေဒီ (၁၀၅၇)၊ မြန်မာ သက္ကရာဇ် (၄၁၉) ခုနှစ်တွင် ထိုဗုဒ္ဓဆံတော်ကို ဌာပနာ၍ ရွှေဆံတော် စေတီကို တည်ထား ကိုးကွယ်ခဲ့ပါသည်။ ရွှေဆံတော်စေတီတွင် မဟာပိန္နဲနတ်ရုပ်များ ပြုလုပ် ထား၍ မဟာပိန္နဲဘုရား ဟုလည်းခေါ်ဝေါ်ခဲ့ကြသည်။ရွှေဆံတော်စေတီကို လေးထောင့်ပစ္စယံ (၅)ဆင့်အထက်၌ ရှစ်ထောင့် ကြာဝန်းခံ၍ ခေါင်းလောင်းပုံ၊ ရင်ဖွဲ့ခါးပတ်၊ သပိတ်မှောက်၊ ဖောင်းရစ် စသည်ဖြင့် ဝန်းဝိုင်း ရှူးတတ်ကာ အထွတ်စေတီတင်ထားသည့် စေတီတစ်ဆူ ဖြစ်ပါသည်။ရွှေဆံတော်စေတီမှာ ပစ္စယံ (၅)ဆင့်ရှိပြီး လေးမျက်နှာ၌ အပေါ်တက်ရန် လှေကားလေးဘက်ရှိပြီး ပုဂံတွင် ဤကဲ့သို့ အာလိန်(၅)ဆင့်ခေါ် ပစ္စယံ(၅)ဆင့် ရှိသော ဘုရား မှာ ထူးခြားရှားပါးလှပါသည်။

ရွှေဆံတော်စေတီတော်

မန္တလေးတိုင်းဒေသကြီး

ညောင်ဦးခရိုင်

ညောင်ဦးမြို့နယ်

၀၉-၄၀၂၅၀၀၁၁၃

အကြံပြုစာပေးပို့ရန်